TOMU Group နှင့် အဲရင်းအဖွဲ့

ဒီနေ့ ဂျပန်နိုင်ငံတက္ကသိုလ်ကျောင်းသားများအဖွဲ့(Tomu Class) ဆိုတဲ့အဖွဲ့အဲရင်းတို့နဲ့ တွေ့ဆုံပါတယ်။ ဒီအဖွဲ့လာရောက်ခြင်းဟာလည်း ဒုတိယအကြိမ်ဖြစ်ပါတယ်။ မနှစ်ကလည်းလာရောက်ခဲ့ပါတယ်။ Tomu အဖွဲ့နဲ့အဲရင်းတို့ စကားလက်ဆုံကြသွားတာ ည ၉နာရီနီးပါးအထိဖြစ်သွားခဲ့ရပါတယ်။

ဒီတစ်ခါလာရောက်တဲ့ Tomu အဖွဲ့မှာစုစုပေါင်း (၈)ယောက်ပါဝင်ပါတယ်။ အဖွဲ့ခေါင်းဆောင်က မိန်းကလေးတစ်ယောက်ဖြစ်ပြီး အမည်ကတော့ Matsuda CHITOSE san ဖြစ်ပါတယ်။ ကျန်တဲ့ (၇)ယောက်က အားလုံးယောင်္ကျားလေးတွေဖြစ်ပါတယ်။ Tomu အဖွဲ့ဝင်တွေဟာ ပထမဦးစွာ မိမိကိုယ်ကို မိတ်ဆက်ကြပါတယ်။ ပြီးတော့ အဲရင်းအဖွဲ့ဝင်တွေနဲ့အတူ စကားပြောဆိုရင်း ဂျပန်စကားလေ့လာခဲ့ပါတယ်။